Aung N Htwe shared Jade Land Kachin's photo.
10 hrs ·
“တော်ပါတော့၊ ရပ်ပါတော့
Jade Land Kachin with Khin Mgoo and 3 others
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတားအဆီးတွေက ဘာလဲ (၂၀၁၄ သုံးသပ်ချက်)
ခွန်ထွန်းဦး (ယူအန်အေခေါင်းဆောင်)
“အမ်ပီစီ (မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ စကားပြောတယ်။ အပစ်ရပ်တယ်။ တပ်က ၀င်တိုက်လိုက် အဲဒီဟာကတော့ အဓိကအချက်တွေပါပဲ။ ကျနော်တို့ရှမ်းတွေ ဘန်ကောက်မှာ အစည်းအဝေးထိုင်တုန်းကလည်း ၀မ်ဖာဆောင်(ဖာဆောင်တံတား)ကို ၀င်ချသွားတယ်။ အဲဒါလည်း တနေ့တည်းတချိန်တည်း ချတာပါပဲ မထူးပါဘူး။ မလုပ်သင့်တဲ့အရာတွေ။ နောက်ပြီးတော့ ကရင်ဘက်ကအဖွဲ့တွေလည်း ဒီကေဘီအေလည်း ချတယ်။ နောက်ဆုံးကျတော့ အခု ကေအိုင်အေကို သွားချတယ်ဆိုတော့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတဲ့ဟာကတော့ ရှင်းရှင်းပြောရရင် လုပ်နည်းလုပ်ဟန် မဟုတ်တော့ဘူးလေ။ ငြိမ်းချမ်းရေးကို ရချင်တဲ့လုပ်ရပ်မျိုး မဟုတ်တော့ဘူးလေ။ ဒါတွေကလည်း ယုံကြည်မှုတည်ဆောက်ရမယ့်အချိန် ဖြစ်နေတဲ့ အချိန်ဆိုတော့ ဒါယုံကြည်မှုတည်ဆောက်မှုလည်း မဟုတ်ဘူးလို့ ကျနော်ထင်တယ် ဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဒီကိစ္စမျိုးတွေကြောင့်လည်း ယုံကြည်မှုက မရှိတာပေါ့။ အခုလည်း မရသေးပါဘူး။”
“ဒီအားနည်းချက်တွေ ပြေပျောက်ဖို့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအားလုံး ပထမဆုံး စားပွဲဝိုင်း မှာ ထိုင်ပြီးတော့၊ စကားပြောပြီးတော့ အားလုံး ကိုယ်လိုချင်တာ၊ သူလိုချင်တာ ပါသင့်ပါထိုက်သူ တွေ ပါပြီး အကုန်လုံး နားထောင်ပြီးတော့ စကားပြောတာ အကောင်းဆုံးပဲ ကျနော် ထင်တယ်။ အမ်ပီစီနဲ့ လည်း မပြီးဘူး။ သဘောကတော့ အန်စီစီတီနဲ့လည်း မပြီးသေးဘူးပေါ့ဗျာ။ တပ်ကလည်း မပြီးသေးဘူး။ အစိုးရနဲ့လည်း မပြီးသေးဘူး။ ကျန်တဲ့ နိုင်ငံရေးလောကက ပုဂ္ဂိုလ်တွေလည်း မပြီးသေးပါဘူး။ အဲဒီတော့ လူထုလူတန်းစားကိုယ်စားလှယ်တွေလည်း လိုတာပဲ။ အကုန်လုံး စားပွဲဝိုင်းမှာထိုင် စကားပြော၊ ဘာဖြစ်သင့်တယ် ဆွေးနွေးဖို့ကိစ္စတွေက ရှာရမှာပေါ့။
ဘာဖြစ်လို့လည်းဆိုရင် အခု မဆွေးနွေးကြပဲနဲ့ ငါက ရပ်လိုက်၊ သူက ပစ်လိုက်။ သူက မပစ်ပေမယ့် ငါ ရပ်တယ် ဟိုဘက်က ထလုပ်လိုက်တယ်ဆိုတော့ ဘယ် ဒီ ငြိမ်းချမ်းရေးက ၆၇ နှစ်ရှိနေပြီ ဘယ်ငြိမ်းချမ်းရေး ပြီးနိုင်ပါ့မလဲ။ လူထုက ပင်ပန်းနေပြီ။ ၆၇ နှစ်လုံးလုံး အချင်းချင်း တိုက်လိုက်ကြတာ အားလုံးက ပင်ပန်းနေပြီ။ အဲဒါတောင်မှ မရပ်သေးဘူးဆိုရင်တော့ တိုင်းပြည်ရဲ့ကံကြမ္မာပဲပေါ့။ ဒီလိုမှ ကိုယ့်ကိုယ်ကို မသိကြဘူးဆိုရင် လုပ်ကြမယ်ဆိုရင် လုပ်ကြပေါ့။
ကျနော်တို့အနေနဲ့ ပြောချင်တာကတော့ “တော်ပါတော့၊ ရပ်ပါတော့။ စကားပြောတို့ ငြိမ်းချမ်းရေးတို့ ဘာတို့ပြောနိုင်တာကလွဲလို့ ဒါကလွဲလို့ ဘာမှ မပြောနိုင်တော့ဘူးဗျာ”။ ဘယ်သူ့ကို ဘယ်သူမှ ယိုးမယ်ဖွဲ့ပြီး သွားဖို့ မကောင်းတော့ဘူးလေ။ ကဏ္ဍအသီးသီးကလည်း ယိုယွင်းနေပြီပဲ။ တယောက်ကို တယောက် ပုံချနေမယ့်အစား စားပွဲဝိုင်းမှာအားလုံး အတူထိုင်ပြီးတော့ ဒီပြဿ နာကို ဖြေရှင်းရင် မကောင်းဘူးလား။ မြေယာပြဿ နာ။ လာဘ်စားမှု အခြားအခြားသော နိုင်ငံရေးပြဿ နာ။ စီးပွားရေးပြဿ နာတွေ။ တိုင်းရင်းသားပြသနာတွေ အကုန်လုံး ဘယ်လောက်ဆိုးလဲ တိုင်းပြည်ကြီးမှာ။ အဲဒါကို အားလုံးစားပွဲမှာထိုင်ပြီးမှ မဖြေရှင်းနိုင်ဘူးလား။ ဒီပြဿ နာကြီးကို ၂၀၁၅ အထိ သယ်သွားဦးမှာတဲ့လား။ နောက်လာနောက်သားတွေကို ဒီပြဿ နာကြီးကို ပေးခဲ့ဦးမှာလားဆိုတာ စဉ်းစားကြပါ။ ကိုယ့်တကိုယ်တည်း မကြည့်ပါနဲ့။
အားလုံးပြည်သူတွေမျက်နှာကို ကြည့်ပါ။ အဲလိုမှ ကျနော်တို့က ပြောင်းလဲချင်တဲ့စိတ်၊ တယောက်နဲ့တယောက် စာနာမှုစိတ်တွေ မထားဘဲနဲ့ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ဒီတိုင်းပြည်ဟာ တော်တော်လေးကို အန္တရာယ်များပါတယ်ဆိုတာ ကျနော် ပြောချင်ပါတယ်။ အဲဒါ ကျနော့် ၂၀၁၅ ရဲ့ ဆန္ဒအစစ်အမှန်ပါ။
No comments:
Post a Comment