Sunday, December 28, 2014

ဒီစာဖတ်ပြီးမှ ဒေါ်စုကို ပုတ်ခတ်ပါ


ဒီစာဖတ်ပြီးမှ ဒေါ်စုကို ပုတ်ခတ်ပါ
________________________
အောက်ကပုံလေးကို ကြည့်ပါ။
သူ့ဟာ Tao ဆိုတဲ့ တရုတ်အတွေးအခေါ်ရဲ့သင်္ကေတ။
တစ်နည်းအားဖြင့် ယင်နဲ့ယန် ပေါ့လေ။
အဲဒီနောက်မှာ နက်နဲတဲ့ အတွေးအခေါ် အုပ်မြစ်ကြီးတစ်ခု ရှိနေတယ်။
ဒါပေမဲ့ ခပ်လွယ်လွယ်ပဲ တွေးကြည့်ရအောင်။
ဒီပုံကို ကြည့်ပြီး ဘယ်လို မြင်ပါသလဲ?
စက်ဝိုင်းလေးထဲမှာ နှစ်ခြမ်းပါတယ်။
အဖြူတစ်ခြမ်းနဲ့ အနက်ခြမ်း။
အဖြူထဲမှာ အနက်စက်ကလေးရှိပြီး အနက်ထဲမှာ အဖြူစက်လေးရှိတယ်။
ကဲ ကျနော် မေးခွန်းတစ်ခုမေးပါမယ်။
အဖြူစက်လေးတစ်စက်ရှိနေတဲ့ အနက်ဟာ အဖြူဖြစ်သွားမလား?
အနက်စက်လေး တစ်စက်ရှိနေရုံနဲ့ အဖြူကရော အနက်ဖြစ်သွားမလား?
လူဆိုတာက အဲဒီသဘာဝအတိုင်းပါပဲ။
ခြောက်ပစ်ကင်း သဲလဲလဲစင်ဆိုတာ ဘယ်တော့မှ မရှိဘူး။
အာခိလိလို စွမ်းအားကြီးလှပါတယ်ဆိုတဲ့သူတောင် ဖနောင့်မှာပျော့ကွက်ရှိတယ်။ စူပါမန်းတောင် စိမ်းပြာရောင်ကျောက်ဟာ သူ့ပျော့ကွက်ဖြစ်တယ်။
ဆိုလိုတာက လူမှန်ရင် အားနည်းချက်ရှိစမြဲပါ။ အပြစ်အနာအဆာရှိစမြဲပါ။
စင်းလုံးချောတဲ့အဖြူဆိုတာ ခင်ဗျား ဘယ်တော့မှ တွေ့ရမှာမဟုတ်ဘူး။ ဒီလိုပဲ စင်းလုံးချောအနက်ဆိုတာလည်း မရှိဘူး။ ဒါပေမဲ့ ကျနော်တို့ ရွေးချယ်ရမှာက သူ့မှာ အဖြူလွှမ်းမိုးသလား (တစ်နည်းအားဖြင့် အဖြူများသလား?) ဒါမှမဟုတ် အနက်များသလား?
အောက်ကပုံလေးကို ပြန်ကြည်ပါ။ ဘယ်ဘက်အခြမ်းကို အဖြူလို့ပြောပြီး ဘယ်ဘက်အခြမ်းကို အနက်လို့ပြောမလဲ?
အခုဆို ဒီဖွဘုတ်ကြီးပေါ်လာတော့ အတင်းအဖျင်းတွေ လွယ်လွယ်ပျံ့နှံ့နိုင်တဲ့ခေတ်။ ဒီကြားထဲ ဘာသာရေးမှိုင်းတိုက်သူတွေနဲ့ ခေတ်အမြင် ခေတ်အတွေးမရှိလှသူတွေ၊
ကိုယ်အဆင်ပြေနေရင် ပြီးရောဆိုတဲ့ တဘို့ထဲပဲ ကြည့်တတ်တဲ့
လက်ကိုင်တုတ်လော်ဘီတွေ ကြားမှာ လူတော်တော်များများ ဝေဝါးနေကြတာတွေ့ပါတယ်။
လရေးနှစ်ချောင်းငင် လူဆိုတဲ့ လူတိုင်း ခြောက်ပစ်ကင်းသူ မရှိနိုင်ပါဘူး။
မြတ်စွာဘုရားကလည်း ဟောထားပါတယ်။ ပုထုဇဉ်နော ဥမ္ပတကော။
လူတစ်ယောက်ကို ဘယ်တော့မှ အပြည့်အဝ နေရာတိုင်းကောင်းနေလိမ့်မယ်လို့ မယူဆပါနဲ့။
ဒီလိုပဲ ကိုယ်က စင်းလုံးချောနေလိမ့်မယ်လို့ ထင်သူရဲ့ အပြစ်အနာအဆာကို တွေ့တဲ့အခါ အောက်ကပုံလေးကို သတိရလိုက်ပါ။
ဆိုးနေတာက ကျနော်တို့ဆီမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အရမ်းများတယ်။ လူတစ်ယောက်ကို ကြည်ညိုရင်လည်း အရမ်းပစ်ကြည်ညိုချင်တတ်ကြတယ်။ ဒါပေမဲ့ အဲဒီ ကိုယ်ကြည်ညိုသူရဲ့ အပြစ်အနာအဆာလေး တစ်ကွက်လောက်တွေ့တာနဲ့ ဟင်ကနဲ ပစ်ပယ်လိုက်တတ်ကြပြန်ရော။ မြတ်စွာဘုရားသော်မှ အဲဒီလိုအဖြစ်မျိုးကြုံခဲ့ရပါတယ်။ ပဉ္စဝဂ္ဂီကါးပါးဟာ အစက မြတ်စွာဘုရားကို 'လူ' ကိုးကွယ်တာ။ ဒုက္ကတ္တစရိယအကျင့်ကို စွန့်လွှတ်တာနဲ့ ဟင်ကနဲ ပစ်ပယ်သွားကြရော။
လောကီနယ်မှာလဲ အဲဒါကို နမူနာယူနိုင်ပါတယ်။
အခု ဒေါ်စုကို အမေစု၊ ချစ်မေကြီး မွမွ၊ ကျက်သရေရှိလိုက်တာ၊ ကမ္ဘာမှာအလှဆုံး … စသဖြင့်လုပ်နေသူတွေကို ကျနော်တော့ကြောက်တယ်။ ဘယ်ချိန် သူတို့စိတ်နဲ့မတွေ့ရင် ထဆဲကြလေမလဲ?
(ကျနော်တို့တောင် ဒေါ်စုကို ဝေဖန်ချင်တာရှိပေမဲ့ လူတွေရဲ့အဲဒီသဘောကြောင့် မျိုသိပ်ထားရတယ်။ အနာအဆာလေး တစ်ကွက်တွေ့တာနဲ့ ဟင်ကနဲဖြစ်သွားတတ်တာကလဲ မှားယွင်းတဲ့အကျင့်တစ်ခုပါ)
သေချာတာက လူဆိုတာ အပြစ်မကင်းနိုင်ပါဘူး။ ဒါကို နားလည်ထားရမယ်။ ပြီးတော့ အောက်ကပုံနဲ့ နှိုင်းယှဉ်စဉ်းစား။ သူဟာ အဖြူထဲက အနက်စက်လား? အနက်ထဲမှာ အဖြူစက်ရှိနေသူလား?
ပြည်သူတွေ ဆင်းရဲဒုက္ခဖြစ်နေတာကို မကြည့်ပဲ
ကိုယ်ကျိုး
အတွက်ပဲ ကြည့်ရေးနေတဲ့
တဘို့ထဲ သမား လော်ဘီတွေကလည်း....
တို့အဘတွေက လမ်းတွေတံတားတွေဖောက်ပေးတယ်ကွလို့ ဘုန်းတော်ဖွဲ့ချင်ရင် အဲဒီလမ်းတံတားကို ဘယ်သူ့ပိုက်ဆံနဲ့ဖောက်လဲ? အဲဒီလမ်းတံတားတစ်ခုအတွက် ဘယ်နှစ်ဆ နောက်ထပ်လမ်းတံတား ဘယ်နှစ်ခုစာ သူ့အိပ်ထဲထည့်လိုက်လဲ သတိရပါ။
တပ် အင်အားတောင့်တင်းအောင် လုပ်ပေးတာလား? ခါးပိုက်ဆောင်တပ်အဖြစ် လက်နက်တပ်ဆင်ပေးတာလား? ပြည်သူချစ်ခဲ့တဲ့ တပ်မတော်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးညှိုးနွမ်းစေခဲ့တာလား?
ကွဲပြားအောင် မြင်တတ်ရပါမယ်။
တကယ်တော့ အဘတွေမှာ ကောင်းကြောင်းပြစရာ ရှိကောင်းရှိမှာပေမယ့် အနက်ထဲက အဖြူစက်သာဖြစ်ပါလိမ့်မယ်။
ဒီလိုပါပဲ။
ဒေါ်စုကို ဘာသာရေးနဲ့ ဘယ်လိုပဲမှိုင်းတိုက်တိုက် သူရော သူ့တစ်မိသားစုလုံးဗုဒ္ဓဘာသာအစစ်ကြီးပါ။ (ဘယ်ဘုန်းကြီးကိုမှ မသတ်ဘူး၊ ထောင်မချဘူး၊ မီးလောင်ဗုံးမကပ်ဘူး၊ နံပါတ်တုတ်စာ မကျွေးဘူးတဲ ပဉ္စာနန္တိယကံ မထိုက်ဘူးသူ ဗုဒ္ဓဘာသာအစစ်ကြီးတွေပါ) ဒေါ်စုမှာ ကျနော်တို့စိတ်နဲ့မတွေ့တာ ရှိကောင်းရှိမယ်။ ဒါပေမယ့် ....
စစ်ဖိနပ်အောက်က ကျနော်တို့ဟာ..
သူ့ကြောင့်အများကြီးသက်သာရာ ရခဲ့တာ မဟုတ်ဘူးလားဗျာ။
ဘယ်သူမှ ပစ်မှတ်နေရာ အရောက်မခံရဲတဲ့ အာဏာရှင်နဲ့ ထိပ်တိုက် ရင်မဆိုင်ရဲတဲ့အခြေအနေ ကာလတွေတုန်းက အတိုက်အခံအင်အားစုကို သူဗဟိုပြုပေးခဲ့တယ် မဟုတ်လား?
(သူ့အကို ငကြောက်ကြီးတောင် အဲဒီနေရာမနေရဲလို့ ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီအဖရေလို့ အော်နေသံတွေကို မျက်နှာလွှဲ ခေါင်းရှောင်သွားခဲ့တယ်လေ)
ကျနော်တို့မှာ စစ်ဖိနပ်အောက်အလူးအလိမ့် ဘယ်သူ့ အဖေခေါ်ရမှန်းမသိ ကယ်ပါယူပါတစာစာဖြစ်နေချိန်မှာ သူ့အသက်အန္တရာယ်ကို မငဲ့ကွက် ပြည်သူအတွက် ကြိုးပမ်းရင်းနဲ့ သူ့အတွက်
အန္တရာယ်ကြီးကြီး ကြုံခဲ့ရပါတယ်။ (ဒီပဲယင်းဟာ အထင်ရှားဆုံးသက်သေပါ)
မိသားစုသံယောဇဉ်ကို မငဲ့ကွက်ပဲ ခေါင်းဆောင်ပေးခဲ့တာတွေကတင် ကျွန်တော်တို့အတွက်
ကျေးဇူးအနန္တပါဗျာ။
ကဲ..
ဒီလောက်ဆိုရင်
အဖြူနဲ့အမဲ သဲသဲကွဲကွဲ သိလောက်ရောပေါ့။
ကိုယ်ကျိုးအတွက်ချည်းပဲ မကြည့်ပဲ အများအတွက်လည်းကြည့်တတ်ကြပါစေဗျာ။
Credit >>>> Thorn Nay Soe
Unlike ·  · 

No comments: