ဘယ်အမျိုးကို စောင့်မှာလဲ
•••••••••••••••••••••••
အရှင်ဉာဏိဿရဘိဝံသ သန္တိသုခဆရာတော် (ဒါးက)
ဤ ဆောင်းပါးကို ရဟန်းတော်များအတွက် အဓိကရည်ရွယ်ပါသည်။ မိကျောင်းမင်းရေခင်းပြခြင်း မဟုတ်ပါ၊ နွားရှေ့ထွန်ကျူးခြင်းလည်းမ ဟုတ်ပါ၊ ပညာရှိသတိဖြစ်ခဲဟူသော စကားအရ သတိမမူ ဂူမမြင်ဖြစ်နေသော ရဟန်းတော်များအတွက် သတိမူရန် လမ်းကြောင်းပေးခြင်းသာ။
တစ်ခါက မြတ်စွာဘုရားသည် သူ့ခမည်းတော်နေထိုင်ရာ သူ့ဆွေမျိုးများရှိရာ ကပိလ၀တ်ပြည်သို့ ကြွသွားရာ ခမည်းတော်နှင့် ဆွေတော်မျိုးတော်များက သောင်းသောင်းဖြဖြကြိုဆိုကြသ ည်။ တရားဓမ္မများ နာကြားကြသည်။ တရားဓမ္မများ နာကြား၍ ဆွမ်းစားချိန်နီးကပ်လာသောအခါ မြတ်စွာဘုရားက သပိတ်ပိုက်ပြီး ဆွမ်းခံကြွသွားသည်။
ဆွမ်းခံခြင်း အလေ့အထမရှိသေးသော ဗုဒ္ဓဘာသာ အမြစ်မတွယ်သေးသောသူများဖြစ် ၍ ဆွမ်းခံကြွခြင်းကို မြင့်မြတ်သည်ဟု မထင်ပဲ တောင်းစားခြင်း သက်သက်အဖြစ် ယူဆကာ မှုးမတ်များက ဘုရင့်ထံမှောက်သွားရောက်၍ “ အရှင်မင်းကြီးရဲ့ သားတော်က အိမ်စဉ်လှည့်ပြီး ထမင်းတောင်းနေတယ် " ဟု တိုင်ကြားကြသည်။
ထိုအကြောင်းကြားလျှင် သုဒ္ဓေါဒနမင်းကြီးသည် ၀တ်လဲတော်ပုဆိုးကိုမှ သေချာမ၀တ်နိုင် ပုဆိုးစွန်တောင်စွဲကာ ဘုရားထံမှောက် အပြေးသွား၍ “ သားတော် ဘယ်လိုလုပ်လိုက်တာလဲ ခမည်းတော်နှင့် ဆွေမျိုးတွေကို အရှက်ခွဲတာလား သားတော်ရဲ့ ရဟန်းတော်တွေကို မကျွေးနိုင်ဘူးထင်လား၊ ဘာဖြစ်လို့ အိမ်စဉ်လှည့်ပြီး လိုက်တောင်းနေရသလဲ " ပာု လျှောက်ထားလေသည်။
ဗုဒ္ဓ “ မင်းကြီး ဒီလိုဆွမ်းခံထွက်တာဟာ ငါဘုရား ဆွေမျိုးစဉ်ဆက်ကျင့်သုံးလာခဲ့တဲ့ ကျင့်ဝတ်ကို ကျင့်သုံးတာဖြစ်တယ် " ဟု မိန့်လျှင် “ သားတော်ဘုရား မဟာသမ္မတ ခတ္တိယမင်းမျိုးကစပြီး ယနေ့ထိ တပည့်တော်တို့ မျိုးရိုးမှာ တောင်းစားတဲ့သူဆိုလို့ တစ်ယောက်မှ မရှိပါဘူး။ ဘာဖြစ်လို့ သားတော်က မျိုးရိုးစဉ်လာလို့ ပြောရတာပါလဲ " “ မင်းကြီး မဟာသမ္မတ ခတ္တိယမင်းမျိုးဆိုတာ သင်မင်းကြီး အမျိုးပဲ၊ ငါ့အမျိုး မဟုတ်ဘူး၊ ငါဘုရားအမျိုးဆိုတာက ရှေးဘုရားစဉ်ဆက် သာသနာစဉ်ဆက်က ( အမှာကံ ဗုဒ္ဓ၀ံသော ) ငါ့ဘုရားအမျိုးပဲ " ဟု မိန့်တော်မူလေသည်။ ၀ိနည်းအဌကထာမှာ ပါသည့်ဖြစ်ရပ်လေးပါ။
ဖြစ်စဉ်က ရိုးရိုးသာမန်ပါ၊ ဒါပေမယ့် စဉ်းစားစရာတွေကတော့ တစ်ပုံတစ်ပင်ပါပဲ၊
ဗုဒ္ဓကဘုရားဖြစ်သွားသည့်အတွက် သာသနာ့နွယ်ဝင်ဖြစ်သွားသည့်အ တွက် သာကီမင်းမျိုးတို့သည် သူနှင့်မဆိုင်တော့၊ သူ့အမျိုး မဟုတ်တော့။ မှန်လှပေသည်။ ဘုရားဟူသည် တစ်လောကလုံး တစ်စကြ၀ဠာလုံး သတ္တ၀ါအားလုံးကို ကိုယ်စားပြုသည် မဟုတ်ပါလား၊ သူ့အမျိုးတစ်မျိုးအတွက် ပွင့်လာရသည်မဟုတ်ပေ။ ဤသို့ဆိုလျှင် ရဟန်းတော်များကကော ဘယ်လူမျိုးကို ကိုယ်စားပြုမည်လဲ။ ရဟန်းတော်များသည် ဗုဒ္ဓ၀ံသ,သာသန၀ံသ ပါပဲ။ သို့အတွက် မြတ်ဗုဒ္ဓဟောကြားတော်မူသည့် ဓမ္မကိုသာ ကိုယ်စားပြုရပါမည်။
ဓမ္မဟူသည် မြန်မာမဟုတ်၊ တရုတ်မဟုတ်၊ အမေရိကန်မဟုတ်၊ မူဆလင်မဟုတ်ပေ။ ဓမ္မသည် တစ်ကမ္ဘာလုံးဧ။်အမှတ်တံဆိပ်ြ ဖစ်သည်၊ တစ်စကြာဝဠာလုံးဧ။် သင်္ကေတဖြစ်သည်။ ထိုဓမ္မကိုဖြန့်ဖြူးရသော ဓမ္မကိုယ်စားလှယ်ဖြစ်သော ရဟန်းတော်များသည် လူမျိုးတစ်မျိုးကိုသာ ကိုယ်စားမပြုသင့်ပါ။ မှားနေလျှင် လမ်းကြောင်းပေးသင့်သည်။ ချော်နေလျှင် တည့်ပေးသင့်သည်။ ထို့ထက်ပို၍ ကိုယ်ထိလက်ရောက် မပါဝင်သင့် မပါဝင်ကောင်း။
ဓမ္မသည် မြန်မာလူမျိုးတို့ဧ။် ဓမ္မ မဟုတ်ပါ။ ထိုဓမ္မကို ကိုယ်စားပြုသော သာသနာဝံသ၊ ဗုဒ္ဓ၀ံသ ရဟန်းတော်များသည်လည်း မြန်မာမဟုတ်ပါ၊ ဓမ္မသည် International Law ဖြစ်သည်။ ဓမ္မကို ကိုယ်စားပြုရသော ရဟန်းတော်များသည် မြန်မာလူမျိုးတစ်မျိုးတည်းကိုသာ ကာကွယ်သည်ဆိုလျှင် ဓမ္မသည် ဘောင်ကျဉ်းသွားပေလိမ့်မည်။ မြန်မာလူမျိုးပိုင် ဓမ္မ ဖြစ်သွားပေလိမ့်မည်။
မြန်မာလူမျိုးပိုင် ဓမ္မဖြင့် ကမ္ဘာကိုမည်သို့ စည်းရုံးမည်နည်း၊ ဘောင်ခတ်ထားသောဓမ္မဖြင့် ကမ္ဘာကို ကျယ်ပြန့်အောင် မည်သို့ဖြန့်မည်နည်း၊ ရဟန်းတော်များ အမြင်မကျဉ်းသင့်ပါ။
လူတွေသူ့ကိစ္စ သူတို့လုပ်ပါလိမ့်မည်။ သူတို့ နားမလည်ရင် သူတို့ခံပေါ့၊ သူများ ဓါးခုတ်ရာ လက်မလျှိုပါနှင့်။ ပေါက်ကွဲမည့် ဗုံးတစ်လုံးကို စနက်တံ ၀င်မဖြုတ်ပါနှင့်၊ သမိုင်းမှာ ကိုယ်တရားခံဖြစ်သွားလိမ့်မည်။
မြန်မာလူမျိုးတစ်မျိုးကိုသာ ကာကွယ်ရန် တာဝန်သည် ရဟန်းတော်များတွင်မရှိပါ။ တစ်ကမ္ဘာလုံး၊ တစ်စကြ၀ဠာလုံးကို သံသရာဘေးဒုက္ခမှ ကယ်တင်ရန်သာ ရပာန်းတော်များဧ။် တာဝန်ဖြစ်သည်။
တစ်ကမ္ဘာလုံး၊ တစ်စကြ၀ဠာလုံးကို ကယ်တင်ရန်တာဝန်ယူထားသော ရဟန်းတော် များသည် လူမျိုးတစ်မျိုး သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ကိုယ်စားမပြုသင့်ပါ။
ပညတ်နယ်ပယ်ထဲမှာ နေထိုင်ကြသည့် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌဆိုသူများပင် ပြည်သူများကို ကိုယ်စားပြုရသည့်အတွက် ပါတီနိုင်ငံရေး ကင်းစင်ရသည် မဟုတ်ပါလား၊ ပရမတ်နယ်ပယ်မှာ နေထိုင်ကြသည့် ရဟန်းတော်များသည် ဓမ္မကို ဖြန့်ဖြူးဖို့ တကမ္ဘာလုံးကို ကိုယ်စားပြုနေသူများ ဖြစ်သည့်အတွက် လူမျိုးရေး သံယောဇဉ်၊ ဂိုဏ်းဂဏ သံယောဇဉ် ကင်းစင်ရပေမည်။ သို့မှသာလျှင် ကမ္ဘာက အမြင်ကြည်ပေမည်။ ဘက်လိုက်မှုကင်းသော ဓမ္မအဖြစ် ကမ္ဘာက လက်ခံလာပေမည်။
ဗုဒ္ဓ ဘုရားရှင်လက်ထက် ကျောင်းအစ်မကြီး ဝိသာခါ၏ အမျိုးသား သည် ဘာသာခြား
ကျောင်းဒကာကြီး အနာသပိဏ်သူဋ္ဌေးကြီး၏ သမီး စူဠသုဘဒ္ဒါ၏ အမျိုးသားသည် ဘာသာခြား။
သို့ရာတွင် ဗုဒ္ဓ ဘုရားရှင် ကိုယ်တော်တိုင်နှင့် မည်သည့်ရဟန်းတော်မှ ဘာမှမပြောခဲ.။ သို့ဖြစ်၍ ဥပဒေ မထုတ်ခဲ့။ လိုအပ်လျှင်လည်း ဘုရားရှင်ကိုယ်တော်တိုင် ဥပဒေထုတ်ပြီး ဖြစ်ပေလိမ့်မည်။ အမျိုးစောင့်ဥပဒေအတွက် ပြုလုပ်ခြင်းသည်
ကောင်းတာလုပ်သည်ဟု ပြောရလျှင်လည်း.... ဆေးကုသခြင်းသည်လည်း ကောင်းသော လုပ်ငန်းသာဖြစ်၏။
သို့ရာတွင် ရဟန်းတော်များ နှင့် မအပ်စပ်သဖြင့် ဘုရားရှင်ကိုယ်တော်တိုင် ခွင့်ပြုတော်မမူသည်ကိုလည်း
သတိချပ်သင့်လှပေသည် မဟုတ်ပါတကား။
မေတ္တာသုတ်၌ " ကာလေသု အနနုဂိဒ္ဓေါ"
ဘယ်လူမျိုးကိုမှ ငဲ့ကွက်တွယ်တာမှု့ မပြုရလို့ ဘုရားရှင်ကိုယ်တိုင် ရွတ်ဆိုခိုင်းခဲ့တာကိုလည်း ရဟန်းတော်များအနေနဲ့ စဉ်းစားစေချင်ပါတယ်။
ဗုဒ္ဓ ဘုရရားရှင်ကိုယ်တော်တိုင် သတ္တဝါအားလုံးကို မေတ္တာထားဖို့သာ ဟောကြားတော်မူခဲ့တာပါ။ ဗုဒ္ဓ သားတော်များသည် ဗုဒ္ဓ၏တရား စကားများကို ပစ်ပယ်တော်မူကြတော့မှာလား။
လူမျိုးမပျောက်ဖို့ အရေးကြီိးသည် မှန်ပါသည်။
ထိုကိစ္စကို လူတွေ လုပ်ပါလိမ့်မည်။
မိမိတို့မှာ ထိုထက်ပို၍ အရေးကြီးသည့် ကိစ္စရှိသည်။
ထိုအရာကား ဓမ္မဖြစ်သည်။ မိမိတို့မှာ ဓမ္မကိုကာကွယ်ကြရမည်။
လောကနှင့် ဓမ္မ ကို ခွဲခြားပြီး နားလည်နိုင်ရမည်။
ဓမ္မ ဟူသည် ဘာသာတစ်ခုမဟုတ် ဓမ္မ ဟူသည် ဆေးဖြစ်သည်။
လူတို့၏ စိတ်နှလုံးမသာယာမှု့၊မငြိမ်း ချမ်းမ၊ှု့ စိတ်နှလုံး ယောက်ယက်ခတ် မှု့များသည် အနာဖြစ်သည်။ ဓမ္မ သည် ထိုအနာရောဂါတို့ကို ပျောက်စေနိုင်သည်။ ထိုကဲ့သို့ လူသားတို့ကို ငြီမ်းအေးမှု့ပေးစေနိုင်သော ဓမ္မ ကိုသာ ကာကွယ်ကြရမည် မဟုတ်ပါလော။
ဗုဒ္ဓ ဘုရှားရှင်ကတော့
သူသည် ခမည်းတော်၏ အမျိုးမဟုတ်ကြောင်း
ခမည်းတော်၏ မျိုးရိုးစဉ်လာများကို မလိုက်နာနိုင်ကြောင်း..
သူသည် ဗုဒ္ဓ မျိုးရိုး.သာသနာ့မျိုးရိုြး ဖစ်ကြောင်း
ထို့ကြောင့် ထိုအစဉ်အလာများကိုသာ လိုက်နာမည်ဖြစ်ကြောင်း
အတိအလင်းမိန့်တော်မူခဲ့ပါသည်။
ကမ္ဘာ ပေါ်ရှိ ဓမ္မ ဆေးကို တိုက်ကြွေးကြမည့် ရဟန်းတော်များသည်လည်း ဗုဒ္ဓ သားတော်များပါဟု.ဝန်ခံလျှင် ဘယ်အမျိုးကို စောင့်ကြမှာလဲ။
•••••••••••••••••••••••
အရှင်ဉာဏိဿရဘိဝံသ သန္တိသုခဆရာတော် (ဒါးက)
ဤ ဆောင်းပါးကို ရဟန်းတော်များအတွက် အဓိကရည်ရွယ်ပါသည်။ မိကျောင်းမင်းရေခင်းပြခြင်း
တစ်ခါက မြတ်စွာဘုရားသည် သူ့ခမည်းတော်နေထိုင်ရာ သူ့ဆွေမျိုးများရှိရာ ကပိလ၀တ်ပြည်သို့ ကြွသွားရာ ခမည်းတော်နှင့် ဆွေတော်မျိုးတော်များက သောင်းသောင်းဖြဖြကြိုဆိုကြသ
ဆွမ်းခံခြင်း အလေ့အထမရှိသေးသော ဗုဒ္ဓဘာသာ အမြစ်မတွယ်သေးသောသူများဖြစ်
ထိုအကြောင်းကြားလျှင် သုဒ္ဓေါဒနမင်းကြီးသည် ၀တ်လဲတော်ပုဆိုးကိုမှ သေချာမ၀တ်နိုင် ပုဆိုးစွန်တောင်စွဲကာ ဘုရားထံမှောက် အပြေးသွား၍ “ သားတော် ဘယ်လိုလုပ်လိုက်တာလဲ ခမည်းတော်နှင့် ဆွေမျိုးတွေကို အရှက်ခွဲတာလား သားတော်ရဲ့ ရဟန်းတော်တွေကို မကျွေးနိုင်ဘူးထင်လား၊ ဘာဖြစ်လို့ အိမ်စဉ်လှည့်ပြီး လိုက်တောင်းနေရသလဲ " ပာု လျှောက်ထားလေသည်။
ဗုဒ္ဓ “ မင်းကြီး ဒီလိုဆွမ်းခံထွက်တာဟာ ငါဘုရား ဆွေမျိုးစဉ်ဆက်ကျင့်သုံးလာခ
ဖြစ်စဉ်က ရိုးရိုးသာမန်ပါ၊ ဒါပေမယ့် စဉ်းစားစရာတွေကတော့ တစ်ပုံတစ်ပင်ပါပဲ၊
ဗုဒ္ဓကဘုရားဖြစ်သွားသည့်အတွက
ဓမ္မဟူသည် မြန်မာမဟုတ်၊ တရုတ်မဟုတ်၊ အမေရိကန်မဟုတ်၊ မူဆလင်မဟုတ်ပေ။ ဓမ္မသည် တစ်ကမ္ဘာလုံးဧ။်အမှတ်တံဆိပ်ြ
ဓမ္မသည် မြန်မာလူမျိုးတို့ဧ။် ဓမ္မ မဟုတ်ပါ။ ထိုဓမ္မကို ကိုယ်စားပြုသော သာသနာဝံသ၊ ဗုဒ္ဓ၀ံသ ရဟန်းတော်များသည်လည်း မြန်မာမဟုတ်ပါ၊ ဓမ္မသည် International Law ဖြစ်သည်။ ဓမ္မကို ကိုယ်စားပြုရသော ရဟန်းတော်များသည် မြန်မာလူမျိုးတစ်မျိုးတည်းက
မြန်မာလူမျိုးပိုင် ဓမ္မဖြင့် ကမ္ဘာကိုမည်သို့ စည်းရုံးမည်နည်း၊ ဘောင်ခတ်ထားသောဓမ္မဖြင့် ကမ္ဘာကို ကျယ်ပြန့်အောင် မည်သို့ဖြန့်မည်နည်း၊ ရဟန်းတော်များ အမြင်မကျဉ်းသင့်ပါ။
လူတွေသူ့ကိစ္စ သူတို့လုပ်ပါလိမ့်မည်။ သူတို့ နားမလည်ရင် သူတို့ခံပေါ့၊ သူများ ဓါးခုတ်ရာ လက်မလျှိုပါနှင့်။ ပေါက်ကွဲမည့် ဗုံးတစ်လုံးကို စနက်တံ ၀င်မဖြုတ်ပါနှင့်၊ သမိုင်းမှာ ကိုယ်တရားခံဖြစ်သွားလိမ့်မည
မြန်မာလူမျိုးတစ်မျိုးကိုသာ
တစ်ကမ္ဘာလုံး၊ တစ်စကြ၀ဠာလုံးကို ကယ်တင်ရန်တာဝန်ယူထားသော ရဟန်းတော် များသည် လူမျိုးတစ်မျိုး သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ကိုယ်စားမပြုသင့်ပါ။
ပညတ်နယ်ပယ်ထဲမှာ နေထိုင်ကြသည့် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌဆိုသူများပင် ပြည်သူများကို ကိုယ်စားပြုရသည့်အတွက် ပါတီနိုင်ငံရေး ကင်းစင်ရသည် မဟုတ်ပါလား၊ ပရမတ်နယ်ပယ်မှာ နေထိုင်ကြသည့် ရဟန်းတော်များသည် ဓမ္မကို ဖြန့်ဖြူးဖို့ တကမ္ဘာလုံးကို ကိုယ်စားပြုနေသူများ ဖြစ်သည့်အတွက် လူမျိုးရေး သံယောဇဉ်၊ ဂိုဏ်းဂဏ သံယောဇဉ် ကင်းစင်ရပေမည်။ သို့မှသာလျှင် ကမ္ဘာက အမြင်ကြည်ပေမည်။ ဘက်လိုက်မှုကင်းသော ဓမ္မအဖြစ် ကမ္ဘာက လက်ခံလာပေမည်။
ဗုဒ္ဓ ဘုရားရှင်လက်ထက် ကျောင်းအစ်မကြီး ဝိသာခါ၏ အမျိုးသား သည် ဘာသာခြား
ကျောင်းဒကာကြီး အနာသပိဏ်သူဋ္ဌေးကြီး၏ သမီး စူဠသုဘဒ္ဒါ၏ အမျိုးသားသည် ဘာသာခြား။
သို့ရာတွင် ဗုဒ္ဓ ဘုရားရှင် ကိုယ်တော်တိုင်နှင့် မည်သည့်ရဟန်းတော်မှ ဘာမှမပြောခဲ.။ သို့ဖြစ်၍ ဥပဒေ မထုတ်ခဲ့။ လိုအပ်လျှင်လည်း ဘုရားရှင်ကိုယ်တော်တိုင် ဥပဒေထုတ်ပြီး ဖြစ်ပေလိမ့်မည်။ အမျိုးစောင့်ဥပဒေအတွက် ပြုလုပ်ခြင်းသည်
ကောင်းတာလုပ်သည်ဟု ပြောရလျှင်လည်း.... ဆေးကုသခြင်းသည်လည်း ကောင်းသော လုပ်ငန်းသာဖြစ်၏။
သို့ရာတွင် ရဟန်းတော်များ နှင့် မအပ်စပ်သဖြင့် ဘုရားရှင်ကိုယ်တော်တိုင် ခွင့်ပြုတော်မမူသည်ကိုလည်း
သတိချပ်သင့်လှပေသည် မဟုတ်ပါတကား။
မေတ္တာသုတ်၌ " ကာလေသု အနနုဂိဒ္ဓေါ"
ဘယ်လူမျိုးကိုမှ ငဲ့ကွက်တွယ်တာမှု့ မပြုရလို့ ဘုရားရှင်ကိုယ်တိုင် ရွတ်ဆိုခိုင်းခဲ့တာကိုလည်း ရဟန်းတော်များအနေနဲ့ စဉ်းစားစေချင်ပါတယ်။
ဗုဒ္ဓ ဘုရရားရှင်ကိုယ်တော်တိုင် သတ္တဝါအားလုံးကို မေတ္တာထားဖို့သာ ဟောကြားတော်မူခဲ့တာပါ။ ဗုဒ္ဓ သားတော်များသည် ဗုဒ္ဓ၏တရား စကားများကို ပစ်ပယ်တော်မူကြတော့မှာလား။
လူမျိုးမပျောက်ဖို့ အရေးကြီိးသည် မှန်ပါသည်။
ထိုကိစ္စကို လူတွေ လုပ်ပါလိမ့်မည်။
မိမိတို့မှာ ထိုထက်ပို၍ အရေးကြီးသည့် ကိစ္စရှိသည်။
ထိုအရာကား ဓမ္မဖြစ်သည်။ မိမိတို့မှာ ဓမ္မကိုကာကွယ်ကြရမည်။
လောကနှင့် ဓမ္မ ကို ခွဲခြားပြီး နားလည်နိုင်ရမည်။
ဓမ္မ ဟူသည် ဘာသာတစ်ခုမဟုတ် ဓမ္မ ဟူသည် ဆေးဖြစ်သည်။
လူတို့၏ စိတ်နှလုံးမသာယာမှု့၊မငြိမ်း
ဗုဒ္ဓ ဘုရှားရှင်ကတော့
သူသည် ခမည်းတော်၏ အမျိုးမဟုတ်ကြောင်း
ခမည်းတော်၏ မျိုးရိုးစဉ်လာများကို မလိုက်နာနိုင်ကြောင်း..
သူသည် ဗုဒ္ဓ မျိုးရိုး.သာသနာ့မျိုးရိုြး
ထို့ကြောင့် ထိုအစဉ်အလာများကိုသာ လိုက်နာမည်ဖြစ်ကြောင်း
အတိအလင်းမိန့်တော်မူခဲ့ပါသည
ကမ္ဘာ ပေါ်ရှိ ဓမ္မ ဆေးကို တိုက်ကြွေးကြမည့် ရဟန်းတော်များသည်လည်း ဗုဒ္ဓ သားတော်များပါဟု.ဝန်ခံလျှင်
https://www.facebook.com/photo.php?fbid=1586375061592275&set=a.1397533693809747.1073741825.100006593893165&type=1&theater
No comments:
Post a Comment