ဟုတ်ပါတယ်….
အားလုံးကတော့ ဥပဒေအရ ပေါ့ဗျာ..အရေးယူကြ၊ ထောင်ချအပြစ်ပေးကြ၊
အိုကေပါ… အားလုံးဥပဒေ အရ အရေးယူတာပေါ့…ဟုတ်တယ်နော်…

ဒါပေမဲ့ အဲဒီဥပဒေက သားရေကွင်း လိုမျိုး တိုးလိုက်၊လျှော့လိုက်
တင်းလိုက်၊ ပျော့လိုက် လုပ်လို့ ရနေတာက ဆိုးနေတာဗျ…..

စစ်တပ်ထဲ သေနတ် ဖောက်တဲ့ ကောင်က အာမခံရ….
တရုတ်သံရုံးရှေ့ သွားအော်တဲ့ သူတွေ ၊ ပုဒ်မ (၁၈) နဲ့ အဆွဲခံရသူတွေက
အင်းစိန်ထောင်ထဲကနေ ရုံးချိန်းထွက်….
လယ်သမားတွေက ထောင်တွေကျ….
ကိုယ့်နိုင်ငံမှာ လာပြီး မဟုတ်တာလုပ်တဲ့ တရုတ်တွေကျတော့
လေဆိပ်က ထွက်ပြေးတာ ဘယ်သူမှမသိ…
ကဲ…ထားပါတော့ ..ပြောရရင် ဆုံးမှာမဟုတ်ဘူး..အားလုံး ဥပဒေ အရပေါ့
ဟုတ်လား….

အဲဒီတော့ တရားစီရင်ရေးကို အုပ်ချုပ်ရေး က လွှမ်းမိုးတယ်ပေါ့ဗျာ…
( ပြည်သူတွေ က ပြောကြပါတယ်..မှန်ပါတယ်…လွှမ်းမိုးချုပ်ကိုင် ထားပါတယ်..)

ဒါပေမဲ့…တချို့နေရာတွေမှာ အပေါ်က “ အဘ “ တွေက ဘာမှ မပြောဘဲနဲ့၊
ညွှန်ကြားချက်တွေ မထုတ်သေးဘဲနဲ့ ……..အောက်ခြေက အလိုက်သိတဲ့ ၊
နာမည်လိုချင်တဲ့၊ ရာထူးတက်ချင်တဲ့…ရိုင်းရိုင်းပြောရရင် သခင်အားရ
ကျွန်ပါးဝ လေးတွေ လည်းရှိသဗျ…..

ငါဒီလိုလုပ်လိုက်ရင်တော့ အဘ တွေသဘောကျမှာ..
ငါ့ကို သတိထားမိမှာ…အမှတ်တွေ တက်မှာဆိုပြီး
အဘတွေ သဘောကျ လိုက်လုပ်နေတတ်တဲ့ အရိုးကိုက်
တချို့လည်းရှိပါတယ်…..

ဥပမာ..ကျောင်းသားတွေ မန္တလေးကနေ ထွက်လာတာ ဘယ်သူမှ
မတားဘူး…မန္တလေး….ပလိပ်…စဉ့်ကိုင်….အေးဆေး..ဘာမှမဖြစ်..
အဲ…ကျောက်ဆည်ရောက်မှ ဟို..အုပ်ချုပ်ရေးမှုး ဆိုတဲ့ (၂)ကောင်က
လာတားတယ်..ကျွန်တော်ပြောချင်တာ..အဲလိုကိစ္စတွေပါ..
မန္တလေးလိုမြို့ကြီး ကတောင် မသိချင်ယောင်ဆောင်ပြီးလွှတ်ပေးလိုက်တာကို….
ကျောက်ဆည်ရောက်မှ လာတားတယ်ဆိုတော့……
အဲဒါ သက်သက် --င်ယားတာပါ ( ကန်တော့ပါရဲ့ )
အရိုးကိုက်လေးတွေ အသိအမှတ်ပြု ခံချင်နေတာပါ..
တရားစီရင်ရေး မှာလည်း အဲလို အလားတူ ကိစ္စတွေ ရှိနေမှာပါ….။

( တစ်ခါတလေ..ကြက်တူရွေးကတော်တော်..အရိုးကိုက်တွေက ကဲနေတာဗျ..)
No comments:
Post a Comment