Tuesday, January 6, 2015

"သယ်(လ်)မာ ထွန်းသိန်း" များစွာ လိုအပ်နေသည့် မြန်မာနိုင်ငံ


The Ladies News Journal added 3 new photos.
57 mins · Edited · 
"သယ်(လ်)မာ ထွန်းသိန်း" များစွာ လိုအပ်နေသည့် မြန်မာနိုင်ငံ
|| ဘာသာပြန် သတင်းဆောင်းပါး ||
သယ်မာထွန်းသိန်း သည် ပညာရေး၊ မိသားစု၊ အဓိပ္ပာယ်ရှိသည့် ရှေ့ရေး စသည့် အမေရိကန် အိပ်မက်များအတွက် လွန်ခဲ့သော ၄၂ နှစ်က အမေရိကန်ပြည်ထောင်စု သို့ ရောက်ရှိ လာခြင်းဖြစ်ပြီး ထိုအရာများအားလုံးကို အကောင်အထည်ဖော်နိုင်ခဲ့သည်။
သယ်မာသည် အာဟာရဗေဒ ဘာသာ ရပ်ဖြင့် ကောလိပ်တက်နေစဉ် ကော်ဖီဆိုင်တွင် အလုပ်လုပ်ခဲ့သည်။ ဆရာဝန် ၁ ဦးနှင့်လက်ထပ်ကာ သားသမီး ၃ ဦးရရှိခဲ့သည်။ ဒဲလက်စ်မြို့နှင့် မက်သိုဒစ် ဆေးရုံတွင် တာဝန်ထမ်းဆောင်ရင်း ထောင်နှင့်ချီသည့် မိခင်လောင်း များအား အာဟာရ အကြောင်းနှင့် မိခင်နို့ တိုက်ကြွေးခြင်း အကျိုးကျေးဇူးများကို ရှင်းပြအကြံပေးခဲ့သည်။
ယခုရက်သတ္တပတ်တွင်မူ သယ်မာထွန်းသိန်းသည် အမေရိကန်မှ သူမ၏ဘ၀ကို ထားခဲ့ကာ ဇာတိမြေ မြန်မာ နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ သယ်မာ က မြန်မာနိုင်ငံမှ လူများကို ကူညီ ရန် ပြန်လာခြင်းဖြစ်သည်။ “ကျွန်မရဲ့ နံပါတ် ၁ ရည်ရွယ်ချက်က ကျွန်မတို့ပြည်သူတွေအတွက် ကူညီဖို့ပါ။ ဒါကိုမလုပ်ရရင် ဆိုတာ ကျွန်မကို ခြောက်လှန့်နေပါတယ်”ဟု သယ်မာကဆိုသည်။
သယ်မာ သည် မိခင်နှင့်ကလေး ကျန်းမာရေးနှင့် အာဟာရအကြောင်း အလုပ်ရုံဆွေးနွေး ပွဲပြုလုပ်ရန် မနှစ်က မြန်မာနိုင်ငံသို့ ပြန်လာ စဉ် တွေ့မြင် ရသည်။ မြင် ကွင်းများအတွက် အံ့အားသင့်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် အာဟာရ ချို့တဲ့ခြင်းက နာတာရှည်ပြဿနာ ၁ ခုဖြစ် လျှက် ရှိသည်။ အသက် ၅ နှစ်အောက် ကလေးငယ် ၃ ပုံ ၁ ပုံမှာ ဖွံ့ဖြိုးမှုနိမ့်ကျလျှက်ရှိသည်။ သယ်မာ ထံတွင် မိန်းကလေး ၁ ဦးနှင့် တွဲရိုက်ထားသည့် ဓါတ်ပုံ ၁ ပုံရှိသည်။ ၅ ပေ ၂ လက်မရှိ သယ်မာထက် အရပ်သိသိသာ သာ ပိုနိမ့်သည့် ထိုမိန်းကလေးသည် အသက် ၁၂ နှစ်ခန့်သာ ရှိမည်ဟု ထင်ရသော်လည်း အမှန်တကယ်အား ဖြင့် အသက် ၁၈ နှစ်ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ မွေးစကလေးသေနှုန်းနှင့် အသက် ၅ နှစ်အောက် ကလေးသေနှုန်း မှာ အရှေ့တောင်အာရှ၌ အမြင့် ဆုံးဖြစ်သည်ဟု ယူနီဆက်၏ စာရင်းတွင် ဖော်ပြ သည်။ သေဆုံးမှု အများစုမှာ အာဟာရ ချို့တဲ့ခြင်းကြောင့် မွေးဖွားချိန် တွင် ပေါင်ချိန်မပြည့်မှုနှင့် ကုသနိုင် သည့်ရောက်ဂါများကြောင့် မသေသင့်ဘဲ သေဆုံးရခြင်းဖြစ်သည်။ ကလေးငယ်များအား ကယ်တင်ရန်မှာ နိုင်ငံကို နှစ် ၅၀ ကျော်အုပ်ချပ်လာသည့် ဗိုလ်ချုပ်များအတွက် ဦးစားပေး အစီအစဉ် မဟုတ်ပေ။ အစိုးရဘတ်ဂျက်၏ ၂၀ ရာခိုင်နှုန်းကျော်အား ကာကွယ်ရေးအတွက် အသုံးပြုနေ ချိန်တွင် ကျန်းမာရေးအတွက် အသုံးပြုမှုမှာ ၃ ရာခိုင်နှုန်းသာရှိသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း နိုင်ငံမှထွက်ခွာခဲ့သည့် ပညာတတ် အများအပြား အပါအ၀င် မြန်မာများအား ဇာတိမြေသို့ ပြန်လာ ၍ နိုင်ငံ တည်ဆောက်ရေးအတွက် ကူညီရန် အစိုးရက ဖိတ်ခေါ်ခဲ့သည်။ ဟားဗက်၊ ကော်နယ်နှင့် ဘာကလေမှ ဘွဲ့ရများအပါအ၀င် ပညာတတ်များ သည် နိုင်ငံသို့ပြန်လာ၍ စီးပွားရေးမူဝါဒများနှင့် မပြီးဆုံးနိုင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အကြံပေးလျှက်ရှိသည်။ သို့သော် စစ်တပ် က လွှတ်တော် ကို ထိန်းချုပ်ထားဆဲဖြစ်သဖြင့် နိုင်ငံခြားရောက်နေသူ အများအပြား က ပြန်လာခြင်းမပြုသေးရန် ရွေးချယ်ခဲ့ သည်။
သယ်မာ၏ ဖခင်ဖြစ်သူ မှာ ကုလသံတမန် ၁ ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် ၁၉၆၀ ပြည့် လွန်နှစ်များတွင် မြန်မာနိုင်ငံမှ ထွက်ခွာလာပြီး နောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင် ခဲ့သည်။ သယ်မာကြီးပြင်းခဲ့သည့် ဘန်ကောက်နေအိမ်မှာ မြန်မာနိုင်ငံမှ ဒုက္ခသည်များ ဗီဇာစောင့်ဆိုင်းနေစဉ် လာရောက် ခိုနားလေ့ရှိသည့် အိမ်ဖြစ်ခဲ့သည်။ သယ်မာက “မြန်မာနိုင်ငံ ထဲက လူတွေလို ဆင်းရဲမှုနဲ့ ဖိနှိပ်မှုတွေ ကျွန်မတို့ မခံခဲ့ရပါဘူး။ သူတို့က နေ့တိုင်းခံစားခဲ့ရပြီး သူတို့အတွက် ကျွန်မတို့ နာကျင်ခံစားခဲ့ရပါတယ်” ဟု ဆိုသည်။
ဒဲလက်စ်တွင် သယ်မာမှာ ဒေသတွင်းရှိ မြန်မာဒုက္ခသည် ထောင်ပေါင်းများစွာ၏ အုပ်ထိန်းသူ အဖြစ် လူသိများ သည်။ မြန်မာ၊ အင်္ဂလိပ်နှင့် ထိုင်းဘာသာစကား များ တတ်ကျွမ်းသည့် အပြင် စပိန်၊ ပြင်သစ်နဲ့ ကိုရီးယားဘာသာ တို့ကိုပါ အနည်းငယ်ပြောဆိုနိုင်သည့် သယ်မာက ၎င်းတို့ အတွက် ဆေးရုံတွင် စကားပြန် အဖြစ် ဆောင်ရွက်ပေး သည်။ သူက ဘာသာစကား သင်တန်းများ တွင် သင်ကြားပေးပြီး အသစ်ပြောင်းရွှေ့လာသူများအား ဖုန်းဘေပေး ဆောင်နည်း တို့ကို ပြောပြပေးလေ့ရှိသည်။
သို့သော် သယ်မာအတွက် အဓိကတာဝန်မှာ ဒဲလက်စ်မြို့မှ လူမျိုး ဘာသာမရွေး ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ကျန်းမာရေးအကြံပေးခြင်းဖြစ်သည်။ ဒဲလက်စ်တွင် သူမ၏ အမည်မှည့်ခေါ်ထားသည့် ကလေးအနည်းငယ် ရှိပြီး မြန်မာမဟုတ်သူများကပါ သယ်မာအား ဆရာမ ဟု ခေါ်ဆို ကြသည်။
“ထောင်နှင့် ချီသည့် မီးအလင်းရောင်များ”ဟု အဓိပ္ပာယ်ရသည့် မိသားစု အမည် ကို သူ၏အပြုံး က အကောင်းဆုံးဖော်ပြလျှက်ရှိသည်။ ရန်ကုန်ဆေးရုံကြီးရှိ အလုပ်သစ်အ တွက် ပြင်ဆင်ပြီး ချိန်တွင် သယ်မာက မြစ်ရေဖြင့်စိုက်ပျိုးပြီး အမြဲစိမ်းလန်း ကာ အသီးများသီးသည့် ဆာလံပင် ကဲ့သို့ ဖြစ်လိုသည် ဟု ပြောကြားခဲ့သည်။
သယ်မာက “ကျွန်မ တန်ဖိုးရှိတဲ့အရာ ၁ ခု ဖြစ်ချင် ပါတယ်”ဟု ဆိုသည်။ အမေရိကန်တွင် သယ်မာဆောင်ရွက် ခဲ့သည့် မှတ်တမ်း များ မှာ တန်ဖိုးရှိသူ ၁ ဦးဖြစ်ကြောင်း သက်သေပင်ဖြစ်သည်။
KHTun
Ref - Huffington Post
The Ladies News Journal
Like ·  · 
https://www.facebook.com/News.TheLadies/posts/372007429640899?notif_t=notify_me

No comments: