By Hla Wai · Saturday, December 3, 2011
You can see a mountain too fine from fair.
But if you approach ,nearit you will see only rocks and trees there.
အဖေပြောသောအိပ်ယာဝင်ပုံပြင်များ(၂ )စိတ်ဒိုင်ယာရီ
အဖေပြောသော အိပ်ယာဝင် ပုံပြင်( ၂ )
ကမ္ဘာဦး အစ တွင် လူသားများကို ဖန်ဆင်းရှင် နတ်မင်းကြီးသည် လိုတရနိုင်သော
ပဒေသာပင်နှင့်တွဲ၍ ကျိန်စာရှိသောသေတ္တာကို မဖွင့်ရန်ကတိပြု ဖန်ဆင်းလေသည်။
လူသားများသည် ကမ္ဘာမြေပေါ်တွင် ပဒေသာပင်ကိုအမှီပြု၍ တဦးနှင့်တဦး
ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ အတူတကွ ပေါင်သင်း နေထိုင်ခဲ့သည် ၊လူသားတို့ 
ဆန္ဒဖြစ် ပဒေသာပင်သည် လိုလေသေး မရှိ ဖြည့်ဆည်းပေးခဲ့သည်။
လူသားဆိုသည်မှာ လိုလေသေးမရှိပြီးပြည့်စုံသော်လည်း စူးစမ်းဆန်းစစ်လိုစိတ်
ရှိရာ ဖန်ဆင်းရှင်နတ်မင်ကြီးနှင့် ကတိရှိသောကျိန်စာသေတ္တာ အတွင်း မည်သည့် အရာ
များရှိမည်ဟု စူးစမ်းလိုသောဆန္ဒ ကြောင့် အခြေအတင် အုပ်စုများကွဲပြား လာခဲ့သည်။
သဘာဝ အတိုင်းနေရန်အုပ်စုနှင့် စူးစမ်း ဆန်းစစ် လိုသောအုပ်စု များ မဖွင့်ရန်
ကတိပြုထားသော သေတ္တာအတွင်း နတ်မင်းကြီး မည်သည့် အရာများ ထည့်ထား သည်
ကို သိလိုသဖြင့် ဖွင့်လေရာ……အရာအားလုံးတို့ သည် ကမ္ဘာမြေလူသားများထံ ပြန့် 
နှံ့ ခဲ့သည်။ အလျှင်အမြန် သေတ္တာကို ပြန်ပိတ်ခဲ့၍ သေတ္တာအတွင်းအရာတစ်ခုသာ
ကျန်ခဲ့ပါသည်။
သေတ္တာအတွင်းမှပြန့် လွှင့်သောအရာများမှာလောဘ ၊ဒေါသ၊မောဟ၊ အတ္တ
ထုံပြန့် လေရာ ကမ္ဘာမြေပေါ်မှ့ လိုတရ ပဒေသာပင်ကွယ်ပြောက်၍ နိုင်ရာစား၊
အားကြီးသူနိုင် အားနည်းသူ ခံ အမှောင်ဓါတ်ပြန့် ခဲ့ပေမဲ့ သေတ္တာအတွင်းကျန်ခဲ့
သော အရာတစ်ခုဖြင့် အားနည်းသူ ဘက်မှရပ်တည်မူဖြစ် ထာဝရ အသက်ရှင်
နေထိုင်ကြသည်။
သေတ္တာ အတွင်းတခုတည်းကျန်ခဲ့သောအရာကား ဘယ်တော့မှမဆုံးနိုင်
သော [Hope]မျှော်လင့်ခြင်း…..ဖြင့်အသက်ဆက်လက်ရှင်သန်နေရမည်။
True=အမှန်တရားသည် အများစု မဟုတ်၍ ၊အများစုသည်လည်း
အမှန်တရားမဟုတ်…….အမှန်တရား သည်အမှန်တရား
သည်သာဖြစ်သည်။
By Hla Wai · Sunday, February 19, 2012
Up and Down
There is one thing solid and fundamental in politive's. The low of change.
What's Up to day is Down tomorrow.
By Hla Wai · Tuesday, March 13, 2012
အတ္တာ ဟိ အတ္တနော နာထော။
မိမိကိုယ် သာ ကိုးကွယ်ရာ။

မိမိကိုယ် သာ ကိုးကွယ်ရာ။

အဖေပြောသောအိပ်ယာဝင်ပုံပြင်(၅)စိတ်ဒိုင်ယာရီ
နိုင်ငံရေးသမားဆိုတာ နွားနဲ့ တူတယ်နွားဟာ ထယ်ထိုးထွန်တိုက်ပြီး
ကောက်ရိုးပုံ(အစီးအပွါး)ရှာရတယ် ကောက်ရိုးဟာ နွားအစာဖြစ်လို့ 
နွားမစားနိုင်အောင် ကောက်ရိုးပုံ စောင့်ဖို့ ခွေးကိုထားရတယ် ခွေးရဲ့ 
တာဝန်ဟာ ကောက်ရိုးကို နွားမစားရေး ကျုးကျော်သူ ခိုးသူ ရန်က
ကာကွယ်ရေး ဖြစ်တယ်။ ခွေးဟာကာကွယ်သူနဲ့ တူတယ် ရန်အားလုံး
ကာကွယ်ရလို့ ရှိသင့်တယ်။ ကြာလာတော့ ခွေးဟာ ကောက်ရိုးကို
စားကြည့်မိတော့ ကောက်ရိုးဓါတ်ဟာ ရင်ကိုအေးစေတယ် အားကိုဖြစ်
စေတယ် မစင်ဟာရင်ပူစေတယ်အဟာရ မဖြစ်ဖူးလို့ အသိဝင်ချိန်မှာ
ခွေးဟာ ဖေါက်ပြန်သွားရတယ်။
ကောက်ရိုးနဲ့ တူတ့ဲအာဏာ (အစီးအပွါး) ဟာ စားမိရင်
ဖေါက်ပြန်စေတတ်တယ်။
By Hla Wai · Sunday, March 18, 2012
ဘ၀ဆိုတာ ရယူခြင်းမဟုတ် ပေးဆပ်နေရခြင်း ဖြစ်သည်။

ads not by facebook
ဦးမာဃ၏ပရိတ် ထုံးနှလုံးမူသင့်သောနိုင်ငံရေးသ္မား။
ဇာတ်တော်ကား ကုလာဝကဇာတ် (ဇာ၊ဋ္ဌ-၁၊၂၁၄)ဖြစ်ပါသည်။အတိတ်ဇာတ်လမ်းမှာ အများ
သိနေသော သကြားလောင်း မဃဇတ်လမ်းဖြစ်ပါသည်။ မဃကိုလည်း (အရပ်ခေါမာဃ)
လူမှုဝန်ထမ်း သန့် ရှင်းရေးသ္မားဟုသာ လျှမ်း၍ နားလည်ထားကြဟန်တူပါသည်။
အကျဉ်းချုပ်အားဖြင့် မာဃလုလင်နှင့် အပေါင်းအပါလူ ၃၃-ဦးတို့ ကိုမြို့ ဝန်ကြီးက
ကုန်းချောကာ ရှင်ဘုရင်က ဆင်ဖြင့်နင်းသတ်၍ မသေသော အကြောင်းဖြစ်ပါသည် ။
ဆင်ဖြင့်နင်းသတ်စေရာ၊မေတ္တာပွားပို့  နေကြသဖြင့် ဆင်များမနင်းဝံ့ကြ၊သို့ နှင့် တစ်စုံ
တစ်ရာ ဆေးဝါးအဆောင် ရှိ,မရှိစစ်ဆေးရာ မည်သည့် ဆေးဝါး အဆောင်ကိုမျှ မတွေ့ ရ။
တစ်ဖန် မည်သည့်မန္တန်များ ရွတ်ဖတ်ကြကြောင်း ဆက်လက်စုံစမ်းစေရာ အလောင်းတော်
မဃလုလင်က-
“မှန်လှပါ အရှင်မင်းကြီး ကျွန်တော်မျိုးတို့ မှာ အခြားမန္တန်ဟူ၍ သီးခြားမရှိပါ။ကျွန်တော်
မျိုးတို့ ၃၃-ဦးစလုံး သူ့ အသက်ကိုမသတ်ကြပါ။သူ့ ဥစ္စာကိုမခိုးကြပါ။သူ့ အိမ်ရာကို မကျုးလွန်
ကြပါ။လိမ်လည်မပြောကြပါ။သေရည်သေရက် မသောက်စားကြပါ။သတ္တ၀ါအားလုံးအပေါ်
မေတ္တာစိတ်ထားကြပါသည်။(မေတ္တာပွားပို့ ကြပါသည်) အလှုအတန်း လည်းပေးကြပါသည်။
လမ်းများကို ရှင်းလင်းသုတ်သင် ဖေါက်ထွင်းညှိခင်းကြပါသည်။ ရေတွင်း ရေကန် တူးကြ
ပါသည်။ တည်းခိုဇရပ်များဆောက်လုပ်ကြပါသည်။
“ဤအရာအားလုံးသည်ပင် ကျွန်တော်မျိုးတို့ ၏ မန္တန်ဖြစ်ပါသည်။’ပရိတ်လည်း ဟုတ်
ပါသည်။ကြီးပွားရေးတရားလည်း မည်ပါသည်”ဟု သံတော်ဦးတင်လိုက်ရာ အသက်ဘေး
မှ ချမ်းသာရာရကြ သည့်အပြင် ဆုလာတ်များပါ ခံယူကြရလေသည်။
‘ပရိတ်’ဟူသည် ကျက်မှတ် ရွတ်ဖတ်ရုံသာလော၊ပရိတ်သည် ငါ၊ ငါပင် ပရိတ်ဖြစ်အောင်
မည်သို့ လိုက်နာဆောင်ရွက်သင့်ပါသနည်း။
ဤယနေ့  အများစု နားလည်ကျင့်သုံးလျှက်ရှိသော ပရိတ်အဓိပ္ပယ်တွင် ဘုရားအလောင်း
တော်ကိုယ်တိုင် လက်တွေ့ လိုက်နာ အောင်မြင်ခဲ့သော ထုံးကိုနှလုံးမူာကရန်ဖြစ်ပါသည်။
“ပရိတ်တော်” ဆိုသည်ကို ခြုံငုံသုံးသပ်၍ အနှစ်ချုပ် ထုတ်ယူပါက သတ္တ၀ါအများ ဘေးရန်
ကင်းကွာ ချမ်းသာကောင်းစားရေးအတွက် ကိုယ်နှုတ်နှလုံး သုံးပါးလုံး အပြည့်အစုံ ကျင့်သုံး
လိုက်နာကြရန်ပင် မဟုတ်ပါလော။
နိုင်ငံရေးသီလနှင့်နိုင်ငံရေးသစ္စာ ခံယူချက်ထားနိုင်မှ၊
ဓမ္မာစရိယဦးဌေးလှိုင် ဓမ္မဒူတ(သီလကထာ)ဖြင့်
No comments:
Post a Comment