Sunday, May 20, 2012



အမေ့ရဲ့မေတ္တာစေတနာအလှ


အညစ်အဟောင်းအပြောင်ကလော်ဖို့
နှစ်ပေါင်းတစ်ထောင်ကျော်တဲ့
မဟော်..မန်ကျည်းကိုးခွပင်အောက်မှာ
အကြောက်တရားကင်း
မှောက်မှားခြင်းရှင်းတဲ့မျက်နှာ
ထောက်ထားခြင်းဝင်းနေတဲ့မေတ္တာစေတနာတွေနဲ့
တင့်တယ်စွာရပ်တည်နေတဲ့ အမေ့ရဲ့ပုံ…။

လူ့ဘုံလောက
အလှပတွေ ဘယ်လိုမှုန်းမှုန်း
အပြုံးမပျက် အမုန်းမဖက်တာ
အမေရဲ့ မေတ္တာစေတနာတွေပါ…။

အမေရဲ့မေတ္တာပန်း
ဘယ်သောဘယ်အခါမှ မနွမ်း…။

အမေရဲ့စေတနာ
ဘယ်သောဘယ်အခါမှ နေမ၀င်ပါ…။

အမေရဲ့ မေတ္တာ စေတနာတွေဟာ
သားသမီးဆိုတဲ့ ပထ၀ီမြေမှာ
အမြဲတစေ ပွင့်လန်း တင့်ဆန်းနေမှာပါ…။

(အမေများနေ့..အားလုံးသောအမေ ပျော်ရွှင်ချမ်းမြေ့ပါစေ)

တက္ကသိုလ်ဘုန်းကြွယ်(မေ ၁၀ ၂၀၁၂)

No comments: