Thursday, July 18, 2013


“ဗုံရှည်သီချင်း”

မိုးပေါ်မှာကြယ်တလုံး
တိမ်ဖုံးပါလို့  လမသာ
သာတော့ခါ သာပါလိမ့်
နတ်ဒေ၀ါ သူဖန်ဆင်းတယ်
ဖိုးရွှေလမင်း။
ပျိုလေးတို့  အိမ်အောက်
ဝါ ကောက်လို့  ၀ါ ဖန်
ဗိုင်းငင်လို့  ရှည်ပြန်
လက်ခတ်သံ ညံလိမ့်ထင့်လေး။
ဆေးတံတို တညိုလောက်
ယော့၊ သောက်တော့ပေး။
မယူလိုက်ယင်လှ၊ မိုက်တယ်ဆိုလိမ့်မယ်
ယူလိုက်ယင်လှ၊ ကြိုက်တယ်လို့ ဆိုလိမ့်မယ်
ဆေးတံတို တညိုလောက်
အလိုဗျာ... ယော့၊ သောက်တော့ပါ တဲ့ပေး။

မင်းသုဝဏ်

No comments: