ဆရာဇော်ဂျီရဲ့  ဗေဒါလမ်း
ကဗျာ
ညိုပြာပြာ
လတာပြင့်ခြေရင်း
လှိုင်းတက်ရာ
ဗေဒါတက်၊
လှိုင်းသက်ရာဆင်း။
ဆင်းရလည်း
မသက်သာ၊
အုန်းလက်ကြွေ
ရေပေါလော၊
မျောစုန်လို
့လာ။
အဆင်းနဲ
့အလာ၊
ဗေဒါမ
အထွေး၊
အုန်လက်ကြွေ
သူ့ နံဘေး၊
ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ
မသက်သာ
နောက်တချီ
ဒီတလုံးက၊
ဖုံးလိုက်ပြန်ပါ
မြုတ်လေပေါ့
ပေါ်မလာ၊
မဗေဒါအလှ
တလံကွာ
လှိုင်းအကြွ၊
ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ
မသက်သာ
ချောင်းအဆွယ်
မြောင်းငယ်ထဲက၊
ဘဲထွက်လို့လာ
ဘဲအုပ်မှာ
တစ်ရာနှစ်ရာ၊
ဗေဒါက
တစ်ပင်ထဲ
အယက်အကန်ခံလို
့
ဗေဒါပျံအံကိုခဲ၊
ပန်းပန်လျက်ဘဲ။
No comments:
Post a Comment