Sunday, August 19, 2012
သမိုင်းတွင်ခဲ့တဲ့ဗကသ
သမိုင်းဝင် သမိုင်းတွင်ခဲ့တဲ့
တကသ ဗကသ
ကျောင်းသားသမဂ္ဂတွေကို
ဗကပ (ဗမာ့ကွန်မြူနစ်ပါတီ)ဌာနချုပ်ရယ်လို့
ယုတ်မာကောက်ကျစ် ညစ်ညစ်ပတ်ပတ်
ပစ်ပစ်ခတ်ခတ်နဲ့ သတ်ဖြတ်ခြင်း
မိုက်ဇာတ်ခင်းခဲ့တာ ဆဲဗင်းဇူလိုင်သက်သေပါ…။
ကွန်မြူနစ်(ဗကပ)ကိုအကြောင်းပြု
မကောင်းမှုမှန်သမျှ လက်ညှိုးထိုး
အဆိုးအမိုက် ဒုစရိုက်တွေကို
ဓါးပြလိုတိုက်နေတာ လူ့ငသိမ်ဖျင်း
နေ၀င်းရဲ့ခါးပိုက်ဆောင်တပ်တွေပါ…။
ကျောင်းသားအခွင့်ရေး လူမှုအခွင့်ရေး
အခွင့်ရေးမှန်သမျှ….တောင်းဆိုမနေကြနဲ့
တပြားသားမှ မပေးတဲ့အပြင်
ကလိမ်စေ့ငြမ်းဆင်
ကွန်မြူနစ်အသွင်ဖန်တီးပြီး
စစ်ရေးနည်းနဲ့ ဖြေရှင်းပစ်ခဲ့တယ်…။
ယုတ်မာတဲ့အရိုင်းမသာတွေ
ပုပ်ပါသကွဲ့ သမိုင်းရာဇ၀င်ပါပေ…။
ပြည်တွင်းစစ်ကိုအကြောင်းပြ
ရွာတွေမီးလောင်ပြာကျ
တောကြောင်စစ်သားတွေလက်ခမောင်းခတ်
အပစ်အခတ်နဲ့ညစ်ပတ်နေကျစစ်တပ်တွေက
ဒလစပ်ရွာထဲဝင် မြင်မြင်သမျှ ပစ္စည်းတွေပိုက်
မိုက်ချင်သလိုမိုက်
ရိုက်ချင်သလိုရိုက်
ပိုက်ချင်သလိုပိုက်
မိုက်တဲ့နေရာမှာဗိုလ်မင်း
ဖျင်းတဲ့နေရာမှာဗိုလ်ချုပ်
အဟုတ်ကိုတရားပျက်
ရက်စက်နေရာမှာသရဖူဆောင်း
လူအလောင်းပေါ်နင်းကျော်
လူကောင်းတွေကို မြုံးထောင်
ဗုံးထောင်ထားတာကိုနင်းခိုင်း
စိတ်ရိုင်းတွေဝင်
အမျိုးသမီးတွေကိုခြေတောင်တင်
စိတ်မထင်ရင် သတ်ပစ်
လူစင်စစ်ကသရဲဝင်ပူး
ရူးလဲရူး မူးလဲမူး
ဒီအရူးအမူးငပေါက်တွေမှာ
အထူးကြောက်နေရမယ့်ဥပဒေမရှိ
ကောင်းလိုက်ကြပါဘိ..။
ခုတော့ သမိုင်းကသိ လူကမိပြီ
ကမ္ဘာပေါ်ရှိ ရှိသမျှလူတန်းစာများ
လူရမ်းကားအာဏာရှင်တွေကို
အောက်ခြေက အပိုင်ချုပ် ကိုင်နှုတ်ကြပြီ
မလှုပ်သာ မယှက်သာ အာဏာရှင်တဖြုတ်ဖြုတ်
ပြုတ်ရှာနေကြပြီ..ကဒါဖီအခြေနေညှိုး
အသေဆိုးနဲ့ သေခဲ့ရပြီ..။
ဒါတွေကိုမြင်ကြား
မြန်မာပြည်ကအာဏာရှင်များလည်း ဖျားကြပြီ..
နိုးကြားလာတဲ့ပြည်သူတွေရဲ့ မဟာအင်အား
ကျောင်းသားတွေရဲ့မဆုတ်မနစ်တိုက်ပွဲ
တဖွဲဖွဲဆင် အတွဲတွဲဝင်လာမှာကိုမြင်လို့
မပြောင်းချင်လို့မရ အကောင်းမြင်တဲ့ဝါဒနဲ့
သမ္မတကရဲရဲကိုင်စွဲ ဒေါ်စုနဲ့လက်တွဲပြီး
ဗလောင်းဗလဲ မဟုတ်တဲ့
အပြောင်းအလဲတွေ လုပ်လာပါတယ်…။
ဗကသဆိုတာ ကျောင်းသားတွေရဲ့
ခိုကိုးရာ ဗိမာန်ပါ။
အဖိနှိပ်ခံတို့ကိုမွေးဖွားပေးခဲ့တဲ့
မွေးဖွားရာ အမြူတေပါ။
ကျောင်းသာရှိနေသမျှ
ကျောင်းသားသမဂ္ဂဆိုတာရှိရမည်။
ဗကသ ဆိုတာ
ကိုလိုနီ စစ်အာဏာရှင်တို့တတွေ
နင်းခြေတဲ့ မြေဇာပင်မြက်မဟုတ်
မဟုတ်မခံ တော်လှန်ရဲတဲ့အမျိုးစား
အုတ်ကြားက ပေါက်ထွက်လာမယ့်
အုတ်ကြားမြက်။
ဗကသဆိုတာ
ပြည်မြန်မာအတွက် တရားတဖက်
ဓါးတလက်နဲ့ အာဏာရှင်တွေကိုခုတ်ဖျက်မယ့်
အစွမ်းထက်တဲ့ခွပ်ဒေါင်း
လွတ်ကြောင်းအမှန်တိုက်ဖို့
ခွပ်ဒေါင်းအလံစိုက်မယ့် ဘူမိနက်တံ
ဗိမာန်အမှန်ပါ…။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment